အမေ့ကို ကျေးဇူးတင်တယ်
အမေ့ကို ကျေးဇူးတင်တယ်။
လူမှန်းသိတတ်စအရွယ်ကတည်းက အိမ်အလုပ်နဲ့ ထမင်းဟင်းချက်တာတွေကို ကျက်ကျက်မှတ်မှတ် ဖိဖိစီးစီး ခိုင်းခဲ့တဲ့ အမေ့ကို ကျေးဇူးတင်တယ်။
မီးဖိုချောင်အလုပ် အိမ်အလုပ်ကူရတာကို ငယ်ငယ်က အပြစ်ကြီးတစ်ခုလို ထင်ခဲ့ဖူးတယ်။ လုပ်ရမှာလည်း ပျင်းတယ်။
ငယ်ငယ်က မီးဖိုချောင်ထဲမှာ မီးမွှေးခိုင်းရင် သိပ်ပျင်းတာပဲ။ မီးဖိုထဲမှာ မီးသွေးခဲတွေ အတုံးညီညီစီ၊ ထင်းရှုးမီးကို ရှို့၊ ဘေးက ထင်းအတိုအစနဲ့ရံ၊ မီးသွေးခဲကြားအလည်ထဲမှာ ထည့်ရှို့ပြီး မီးမွှေးရတာကိုလည်း လက်ပေလို့ မလုပ်ချင်ခဲ့ဘူး။ ညနေ ထမင်းချက်ချိန်ပြီးရင် ရုပ်ရှင်သွားကြည့်မယ်။ ရက်ကွက်ထဲက ကလေးတွေနဲ့ သွားဆော့ဖို့ စိတ်နဲ့သာ လုပ်နေရတာ။
ထမင်းအိုးတည်ရတာ
ထမင်းအိုးငဲ့ရတာကို စိတ်ကို မရှည်ဘူး။
Comments
Post a Comment